
ချစ်သူရေ...
ငါ့မှာစွမ်းအားတွေလိုအပ်နေတဲ့အချိန်မှာ မင်း,ဘေးကနေဖေးမပေးတယ်..
မင်းစိတ်ဓါတ်ကျနေတဲ့အချိန်မှာ ငါ,ဘေးကနေအားပေးနေမယ်..
အနောက်ဖက်မှာ အောင်မြင်မှု ကျရှုံးမှုတွေ ကျန်ခဲ့တယ်..
အရှေ့ဖက်မှာ စိန်ခေါ်မှုတွေ စောင့်နေတယ်...
တို့သမိုင်းကို တို့အကောင်းဆုံးရေးကြမယ်....
တို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်မြဲမြဲတွဲပြီး အရာရာကိုရင်ဆိုင်ကြရအောင်နော်..
Tuesday, January 27, 2009
ချစ်သူ့အတွက်
ကော်ဖီဆိုင်လေး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ရုံးပိတ်ရက် ညနေခင်းမှာ ချစ်သူနဲ့နှစ်ယောက် ၈မိုင်နားကကော်ဖီဆိုင်လေးကိုရောက်သွားပါတယ်..
အဲဆိုင်လေးကကော်ပြန့်ကြော်ကကောင်းတယ်လို့ ချစ်သူကဆွယ်တာနဲ့ ပါသွားတာပါ...(အစားအသောက်ကသိပ်မမက်ရှာပါဘူး..)
ဆိုင်လေးကအပြင်ပန်းကကြည့်ရင်တော့ သေးသေးလေးပါ...
အတွင်းဘက်အပြင်အဆင်ကတော့ သပ်သပ်ရပ်ရပ်လေး...
စားပွဲတစ်လုံးချင်းစီအတွက် မီးလုံးသေးသေးလေးတွေထွန်းထားပေးထားတယ်... သီချင်းလေးကိုတိုးတိုးလေးဖွင့်ထားပေးတယ်..တိုးတိုးလေးဆိုတော့ နားထောင်ရတာငြိမ့်ငြိမ့်လေးပေါ့....
aircon ရဲ့လေအေးအေးလေးနဲ့ ....
အေးအေးဆေးဆေးလေးနဲ့ စကားပြောလို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့...မုန့်မစားရသေးပေမဲ့ ဒီဆိုင်လေးကိုအရမ်းကြိုက်သွားတယ်..
ဗိုက်ကလဲမဆာသေးတော့ ကော်ဖီပဲမှာလိုက်တယ်..(ဘယ်ဆာမလဲ ဒီမလာခင်ကိုပဲ တ၀တပြဲစားလာခဲ့တား-P)
ကော်ဖီလေးသောက်လိုက် စကားလေးပြောလိုက် ကော်ဖီလေးသောက်လိုက် စကားလေးပြောလိုက်နဲ့ ၂နာရီလောက်ကြာသွားတယ်
အဲအချိန်မှာ ဆိုင်ထဲမှာလဲလူတော်တော်များလာပြီ....
ကဲ..ပြန်ဖို့အချိန်တန်ပြီဆိုပြီး ငွေရှင်းကြတယ်..
ဆိုင်အနေအထားအရ မိုခါးကော်ဖီ၁ခွက်ကို အနဲဆုံး ၂၀၀၀လောက်ရှိမယ်ထင်တာ... ၂ခွက်ကို ၂၂၀၀ ပဲရှင်းခဲ့ရတယ်...
ဒီလိုအေးအေးဆေးဆေးလေးစကားပြောလို့ရတဲ့နေရာလေးမှာ ဒီလောက်ပဲရှင်းလိုက်ရတာ တန်တယ်လို့ထင်တယ် :-P
နောက်တစ်ခါလာရင်တော့ စားမယ်လို့ကြုံးဝါးထားတဲ့မုန့်တွေ မှတ်လာခဲ့သေးတယ်..
သွားစားမှပဲ ထပ်ရေးတော့မယ်...
ချစ်သူရေ.... ကျေးဇူးပါ....
နောက်ကျသောနေ့များ
Monday, November 24, 2008
နားလည်မှုလွဲမှားခြင်း
တကယ်ဆို........
ရင်ထဲမှာတစ်ခုခုခံစားရရင် စာအုပ်ထဲမှာချရေးတတ်တဲ့
့ငါရဲ့အကျင့်ကိုက ဒီပြသနာကြီးပေါ်လာရတဲ့ အဓိကတရားခံပါ...
နားလည်မှုတွေမှားလို့ ဖြေရှင်းရပြီးတဲ့နောက်မှာ..
ဝမ်းနဲပက်လက် ဒေါသတကြီး စီးဆင်းကုန်တဲ့ ငါ့မျက်ရည်တွေကို ဘယ်လိုရှာဖွေရမှာလဲ....
Thursday, November 13, 2008
Friday, October 17, 2008
လပြည့်နေ့ ကန်တော့ပွဲ
လပြည့်နေ့က အဖေ့ဘက်ကဆွေမျိုးသားချင်းတွေစုပြီး မိသားစုကန်တော့ပွဲလေးတစ်ခုလုပ်ကြတယ်...
အဖိုးရှိကတည်းက သားသမီးမြေးမြစ်တွေပေါင်းပြီး ကန်တော့ခဲ့ကြတာမို့  အဖိုးဆုံးပြီးနောက်ပိုင်းကြတော့လဲ မောင်နှမတွေတစ်နှစ်တစ်ခေါက်လောက်
ပြန်ဆုံကြရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့  စုစည်းတဲ့ပွဲလေးပါ...
နယ်အဝေးကလူတွေကတော့ မလာနိုင်ကြဘူးပေါ့လေ...
မြောက်ဒဂုံက ဘကြီးအိမ်မှာစုဝေးကြတာဆိုတော့ နေ့ လည်စာကတော. အဲအိမ်မှာပဲဆွဲကြတာပေါ့နော်... ဟဲ ဟဲ..
ဟင်းတွေကတော့ ချက်ထားကြတာ ရှယ်ပဲ...
အစားနဲတဲ့သူတောင် ၂ပန်းကန်လောက်ဆွဲတယ်..
စားပြီးတော့ အချိုပွဲကအဆင်သင့်.... ။
(ကလေးတွေနဲ့ ရှုပ်နေတာတော့ နဲနဲစိတ်ညစ်တယ်...တူတွေတူမတွေပေါ့)
အားလုံးစားသောက်ပြီးတဲ့အချိန်ကြတော့ အိမ်အပေါ်ထပ်မှာကန်တော့ဖို့ ပြင်ဆင်ကြပြီ...
ကန်တော့ပစ္စည်းတွေကို လင်ပန်းတွေပေါ်မှာ စုတင်ကြတယ်
'ကာယကံ ၀ဇီကံ မနောကံ ကံသုံးပါးနဲ့  ပြစ်မှားမိပါက ခွင့်လွှတ်ကြပါ' လို့  ရွတ်ဆိုကြပြီး..
အဖေတို့ရဲ့အကြီးဆုံးအစ်မကြီးတို့ ကို အရင်ဆုံးကန်တော့ကြတယ်
ပြီးတော့ အဖေတို့အစ်ကို ...
ပြီးတော့ အဖေ့အထက်က အစ်မ....
ပြီးတော့ အဖေနဲ့အမေ....
ဆုတွေပေးတာကတော့အစုံပဲ ..... 'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ'
ကဲ ကန်တော့ပြီးပြီဆိုတော့ အားလုံးမျှော်လင့်နေတဲ့ အချိန်ရောက်လာပြီလေ....
ပိုက်ဆံကြဲမှာလေ....
ကန်တော့ခံကြတဲ့လူကြီးတွေက ပိုက်ဆံဆုပြီး မုန့်ဖိုးအနေနဲ့ပြန်ပေးတာပေါ့...ပျော်စရာကောင်းအောင် ဒီအတိုင်းမပေးပဲ ကြဲပြီးမှလုကောက်ခိုင်းတယ်လေ..
ပိုက်ဆံတွေကိုခေါက်ပြီး သကြားလုံးတွေနဲ့ ရောထားတာ.... အမေကကြဲမှာ...
ကိုယ့်ဘက်ကိုကြဲမယ်လို့တော့ မျှော်လင့်ရတာပဲ.... ;-P
ကဲ ကြဲလိုက်ပါပြီ............ ဝေး ဟေးဟေး ~~~~
အမ်...ဘာမှလဲကြမလာပါလား..... အောက်ကလူတွေကအော်တယ်..... 'အာ....အန်တီတော်တော်နောက်တာပဲ' .....
အမေကလဲ ဟုတ်ပါ့.... ဒီကလည်းကြဲပြီထင်ပြီး လူအုပ်ထဲကို ဒိုင်ဗင်ပစ်တော့မလို့ .....
အမေလဲ တကယ်ကြဲရော.... ဘယ်ရမလဲ မြင်မြင်သမျှအကုန်လိုက်ကောက်တာပေါ့ သကြားလုံးကော ဘာကောရွေးမနေဘူး....
အမယ် လက်သွက်လိုက်ကြတာနော်..... ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့....အော်ကြဟစ်ကြနဲ့ ...
အမေက ဒီဘက်ကိုလဲ မကြဲဘူး... ;-(
မှန်းစမ်း.... ဘယ်လောက်ရလဲလို့ .....
အမ်.... ၂၀၀တန်လေးနှစ်ရွက် .. ငိုတောင်ငိုချင်သွားတယ်... အစ်ကိုတစ်ယောက်ဆို ၃၀၀၀ လောက်ရတယ်... ၁၀၀၀ တန် ၅၀၀ တန်တွေရတာတဲ့
ဟင့် ငါကိုက လက်နှေးတာ....
အစ်ကိုတစ်ယောက်က သူ့ ကင်မရာလေးနဲ့  video record လုပ်ထားတယ်....
ပြန်ကြည့်တော.... လားလား... ခုနက ၃၀၀၀ ရတယ်ဆိုတဲ့အစ်ကိုက ရှေ့ဆုံးကနေပြီး သူ့ခန္ဓာကိုယ်ဝတုတ်ပြဲကြီးနဲ့ အားလုံးကို ပိတ်ပြီး လုကောက်နေတာကိုး ... အကျင့်ကိုပုတ်တယ်
တော်ပြီ နောက်နှစ်ကြရင်မလုတော့ဘူ.... ဒူးနာတာပဲ အဖတ်တင်တယ် ;-(
အခု သီတင်းကျွတ် နောက်လတန်ဆောင်တိုင် ...အဲကြရင် သံလျင်ကျောက်တန်းကဆွေမျိုးတွေကို သွားကန်တော့ဖို့ တိုင်ပင်ကြတယ်....
အဲကြရင်... လယ်ထဲမှာ စပါးတွေရိတ်ပြီးသွားပြီ... လယ်ထဲထိ လှည်းစီးသွားကြမယ်...တဲ့...
ကောင်းလိုက်တဲ့ အကြံ...မြို့ကြီးပြကြီးမှာက ကားတွေစီး မီးခိုးငွေ့ တွေရှုနဲ့ ........
ဒီလိုလေး လှည်းလေးစီးပြီး လယ်ကွင်းထဲက လေကောင်းလေသန့်လေးတွေသွားရှုရမှာ ကောင်းလိုက်တာ...
နေဦး... ညကြရင် အိမ်မှာအလှမီးလေးတွေ ထွန်းဖို့ မောင်လေးနဲ့ ပြောရအုန်းမယ်..
ဒါမှလဲ ကိုယ့်အိမ်က သူများအိမ်တွေနဲ့အပြိုင်လှနေမှာလေ...မဟုတ်ဘူးလား...
Thursday, October 16, 2008
ရင်တွေပူတဲ့မနက်ခင်း
ရင်တွေပူလိုက်တာနော်.....
ရင်တွေပူတယ်..... တကယ်ပဲ....
ရေသောက်လဲမပျောက်ပါလား....
ဟူး...တော်တော်ဆိုးတဲ့ဝေဒနာပဲ.... ၁၀တန်းအောင်စာရင်းကြည့်တုန်းကတောင် ဒီလောက်ရင်မပူရဘူး..
ဒီနေ့  အလုပ်မှာ ဂျပန်ကမန်နေဂျာတွေရောက်နေပြီး ၀န်ထမ်းတစ်ယောက်ချင်းဆီကို အင်တာဗျုးတာလေ...
အလုပ်နဲ့ ပက်သက်ပြီး ဘာညာကွိကွပေါ့....
အဲလို ဘာညာကွိကွဖို့ ကို ရင်ပူတာ...
မြန်မာမှာရှိတဲ့ Departmentရဲ့ မန်နေဂျာဆိုတော့ ကိုယ့်လူကြီးဆိုပြီး ကြောက်နေတာ... :-P
ကဲ... ကြောက်ပါတယ်ဆိုမှ ကိုယ့်ကိုခေါ်မယ့်အလှည့်ကြမှ ထပ်မခေါ်သေးပဲ ကြာနေလိုက်တာ...
Conference Room ရဲ့ တံခါးဖွင့်သံပိတ်သံကြားတိုင်း ရင်ကဒိန်းကနဲ ဒိန်းကနဲ ခုန်သွားတာ...
တကယ်တန်း မျက်နှာချင်းဆိုင် ပြောရဆိုရမယ်ဆို အဲလောက်ကြောက်မိမှာ မဟုတ်ဘူး... ဒီစပ်ကြားလေးကို ကြောက်နေတာ..
ဘာမှကြောက်စရာလဲ မဟုတ်ပဲ.... တကတဲဖြစ်နေလိုက်တာ...
စိတ်မပူပါနဲ့  ant ရေ....အဆင်ပြေမှာပါ...




