လူတချို့ ကိုယ့်ဘ၀ကိုမခေါ်ပဲရောက်လာတယ်...
လူတချို့ ကိုယ့်ဘ၀ထဲကနေမနှင်ပဲထွက်သွားတယ်...
နှုတ်ဆက်ချိန်ရလိုက်တဲ့သူတွေရှိတယ်...
နှုတ်ဆက်ချိန်မရလိုက်တဲ့သူတွေရှိတယ်..တနေ့ တော့ ပြန်တွေ့ အုန်းမှာပေါ့လို့ဆိုပြီး ခွဲခွာရဖူးတဲ့သူတွေရှိတယ်...
နောင်ဘယ်တော့မှ ပြန်မတွေ့ ရတော့ပဲ ပျောက်ကွယ်သွားတဲ့သူတွေ၇ှိတယ်...
မတည်မြဲခြင်းသဘောတရားတွေကို စာအုပ်တွေထဲမှာဖတ်ဖူးပါတယ်..
ဒါပေမဲ့ ဒီလောက်နီးနီကပ်ကပ်မြန်မြန်ဆန်ဆန်ကြီးဆိုတော့ အရမ်းကို တုန်လှုပ်မိတယ်..
ငါ့အလှည့်ဘယ်တော့လဲ...
ငါဘာတွေ လုပ်ခဲ့လဲ...
ငါဘာတွေ ပြင်ဆင်ပြီးပြီလဲ...
ဘယ်အချိန်မှာမသိတဲ့အချိန်ကာလတခုကြားထဲမှာ ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့...
မျှော်လင့်ချက်တွေ တသီတတန်းကြီးနဲ့.... နောက်တော့ ဘယ်ရောက်ပြီး ဘာတွေ ဆက်ဖြစ်မှာလဲ...
စိတ်နဲ့လူနဲ့လဲ မကပ်တော့ဘူး... ပုံမှန်လည်ပတ်ဖို့တောင် အားယူနေရတဲ့အဖြစ်...
အချိန်ကာလတခုရောက်ရင်တော့ အရင်လိုမေ့မေ့လျော့လျော့ ပျော်ပျော်ပါးပါး ဆက်ပြီးခရီးဆက်နေဖြစ်အုန်းမှာပါ...။