Friday, July 31, 2009

တခေါက်တော့ အရောက်ပြန်လာခဲ့မယ် မြို့လေးရေ....

(မိုးတွေရွာနေတယ်...အလွမ်းတွေ)
အောင်လံအိမ်ကြီးကို ပြန်သတိရနေတယ်
အဲအိမ်မှာ မောင်နှမ၄ယောက်လုံးကိုမွေးခဲ့တာပါ..
ု့မောင်နှမတွေအရွယ်ရောက်လာကြတော့ အဖေက ရန်ကုန်မြို့ကြီးကို ပြောင်းလာပါတယ်..
အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ လိုရာရတဲ့ ရန်ကုန်မြို့ကြီးကို မကြိုက်ဖူးလို့ ခဏခဏပြောမိပါတယ်..
ကျမ စိတ်ညစ် ၀မ်းနဲနေရတဲ့အချိန်တွေဆို ကျမရဲ့အောင်လံအိမ်ကြီးကိုပြန်ရောက်သွားတယ်လို့ အိပ်မက်မက်တတ်တယ်..
ခုတော့ အဖေကအဲအိမ်ကြီးကိုရောင်းပြီးသွားပါပြီ..
အိမ်ရောင်းတဲ့အချိန်တုန်းက ကျမက နဲနဲငယ်သေးတော့ ဘာမှဝင်မပြောဘူး..
ခုချိန်မှသာ အိမ်ရောင်းမယ်ဆိုရင် ကျမတော့ ကန့်ကွက်မိမှာပါ..
အဲအိမ်ကြီးက ကျမရဲ့မိဘနှစ်ပါး ကြိုးစားရုန်းကန်ပြီးဆောက်ခဲ့ရတဲ့ အိမ်ကြီးပါ...
အိမ်ငှားဘ၀ကနေ ကြိုးစားခဲ့လို့ အိမ်ပိုင်ခဲ့ရတာလို့ အမေတို့ကပြောပြတယ်...
ခုလဲ အိုးပိုင်အိမ်ပိုင်နေနေရပေမဲ့ ရောင်းပြီးသားအိမ်ကိုပဲ ပြန်လွမ်းနေမိတယ်း-(
ကျမ ၆တန်းအထိ ဒီမြို့လေးရဲ့ မူလတန်းကျောင်း အထက်တန်းကျောင်းတွေမှာ ငယ်သူငယ်ချင်းတွေနဲ့ တက်ခဲ့ရတာပါ...
ကျမရဲ့ မြို့လေးနဲ့ သူငယ်ချင်းတွေကို ကျမချစ်တယ်..
ခုတော့ အဲဒီသူငယ်ချင်းတွေလဲ တစ်ယောက်တစ်မြို့ရောက်နေကြပြီ...
ဧရာဝတီမြစ်ကြီးဖြတ်စီးတဲ့ ကျမရဲ့ မြို့လေးကို ကျမလွမ်းတယ်...
ဒီနေ့ မိုးတွေအရမ်းရွာတယ်...
မိုးရေထွက်ချိုးချင်လိုက်တာ လို့စိတ်ထဲမှာ လိုလိုလားလားကို တောင့်တမိတယ်..
ကလေးလေး ပြန်ဖြစ်ချင်လိုက်တာနော်.... အရမ်းပျော်ဖို့ကောင်းလို့ပါ..မိုးရေထဲမှာ ထွက်ကစားရတာ...
လွမ်းတယ် လွမ်းတယ် မြို့ကလေးရယ် ငယ်ဘ၀လေးရယ် ဗံဒါပင်တွေရှိတဲ့ ကျမတို့ရဲ့အိမ်ကြီးရယ်.............။
(တချိန်ချိန် အိမ်ထောင်ကျလို့ သားသမီးတွေရခဲ့ရင် သူတို့လေးမှာလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရတဲ့ ငယ်ဘ၀လေးတွေကို ပိုင်ဆိုင်စေချင်တယ်)

Read More...