Monday, July 28, 2008

ဇူလိုင်.....

နင်ငါ့ကို စိတ်ဒုက္ခအမျိုးမျိုးရောက်အောင်လုပ်တယ်...
နင်နဲ့ အတူတူရှိခဲ့တဲ့ရက်တွေ ငါ့မှာမျက်ရည်တွေနဲ့ ....
ပျော်ရွင်မှုတွေ .......ဘယ်မှာလဲ.....
အရင်ကရှိခဲ့တဲ့ နားလည်မှုတွေရော....
ငါချစ်တဲ့ မိုးရာသီရဲ့မှတ်တမ်းထဲမှာ နင်ရဲ့သမိုင်းကောင်းပဲ ကျန်နေစေချင်တယ်...

Read More...

Tuesday, July 22, 2008

စိတ်ကိုလျော့…. စိတ်ကိုလျော့

ဒေါသထွက်လိုက်တာနော်..ဒီမနက် ဘာမှကိုအဆင်မပြေဘူး -
ရုံးကို စက်ဘီးနဲ့ အလာ ကားဂိတ်အကွေ့ နားရောက်တော့ ကားတစ်စီးနဲ့ ထိပ်တိုက်တွေ့ တယ် -
သူကွေ့ မဲ့ဘက်နဲ့  ကိုယ်ကွေ့ မဲ့ဘက်က crossing ဖြစ်နေတော့ အရင်ကွေ့ ပါစေတော့ ဆိုပြီး စက်ဘီးအရှိန်ကို လျော့လိုက်တယ် - သူကလဲကိုယ်ကွေ့ မဲ့ဘက်ကိုသိတယ် -
မြန်မြန်ဖြတ်လိုက်ပါလား အကွေ့ ကို - အဲလိုမဟုတ်ဘူး - ရှေ့မှာဘာမှလဲခံမနေပဲကားကိုတစ်ဘီးချင်းလှိမ့်တယ် - မျက်နှာကပြုံးစိစိနဲ့  သူကအဲလိုလုပ်နေတော့ စက်ဘီးကအရှိန်သေပြီးဆင်းလိုက်ရတယ်- အဲတော့မှကိုယ်တော်ချောက ၀ူးကနဲမောင်းထွက်သွားတယ် -
စပ်ဖြဲဖြဲနဲ့ လဲ လူကိုကြည့်သွားသေးတယ် - ဘုကြည့်ပြန်ကြည့်ယုံကလွဲပြီး ဘာပြန်လုပ်လို့ ရမှာလဲ -
စက်ဘီးရပ်လိုက်ရတာကို ဒေါသထွက်တာမဟုတ်ပါဘူး - အဲလူရဲ့လုပ်ရပ်ကို ဒေါသထွက်တာပါ -
စိတ်လျော့ ant ရေ စိတ်လျော့ -

Read More...

Friday, July 11, 2008

“သြော်…..လူတွေ”

“ခုနှစ်ရာပဲ ပေးပါ”
“ငါးရာပဲ ထားလိုက်ပါ”
မိုးအေးအေးလေးမို့ ကော်ဖီပူပူသောက်ရင်း စာအုပ်ဖတ်နေတုန်းမှာ အိမ်ရှေ့က အမေနဲ့ထီးပြင်သမားရဲ့ စကားသံတွေကို ကြားနေရတယ်……
သြော်…..ဟုတ်သားပဲ….မိုးရာသီရောက်ပြီဆိုတော့ အိမ်ကထီးအဟောင်းတွေကို အကြမ်းသုံးဖို့ပြင်ထားရအုံးမှာပေါ့………….ဒီခေတ်ကြီးထဲမှာ ငွေလေးငါးရာနဲ့ ထီးတစ်လက်ကို တစ်မိုးတွင်းဆောင်းလို့ရရင်ပဲ မဆိုးပါဘူးလို့ တွေးနေမိတယ်………..အဲဒီချိန်မှာ
” သမီးရေ အမေအပြင်သွားမလို့ ထီးပြင်ပြီးရင် ငါးရာပေးလိုက်နော် ”
ပြောပြောဆိုဆို အမေကအပြင်ထွက်သွားပြီ ………..
ဖတ်လက်စစာအုပ်လေးကိုယူပြီး ထွက်လာလိုက်တယ်…..အပြင်မှာမိုးက သည်းသည်းမဲမဲကိုရွာနေတုန်း……။
မိုးစိုအင်္ကျီနဲ့ အပေါက်ဝမှာ ငုတ်တုတ်လေးထိုင်ပြီးထီးပြင်နေတဲ့ ထီးပြင်သမားကိုကြည့်ပြီး တော်တော်သနားသွားတယ်…..စိတ်ထဲမှာလည်း…
” ဒီလူတော့ချမ်းနေမှာပဲ … သြော် ..ကိုယ်တွေမှာတော့ ကိုယ့်အိမ်နဲ့ကိုယ် ကော်ဖီလေးနဲ့ စာအုပ်လေးနဲ့ နွေးနွေးထွေးထွေးဇိမ်ကျလို့…..သူတို့မှာတော့ မိုးထဲလေထဲမှာတောင် ရုန်းကန်နေရတယ် ”
ဆိုပြီး ကရုဏာဝင်မိတယ်……ပြီးတော့ အတွေးကိုဖြတ်ပြီး စာအုပ်ကိုဆက်ဖတ်ပြီးစောင့်နေလိုက်တယ်........
” ပြီးသွားပြီ အစ်မ”
ပိုက်ဆံပေးပြီး ထီးကိုစစ်ကြည့်လိုက်တယ်……….မဆိုးဘူးကောင်းသားပဲ….(၅၀၀) ကတော့တန်ပါတယ်လေ…..
ထီးကိုပိတ်ပြီး တံခါးမှာချိတ်လိုက်တယ်…… စာအုပ်ကိုကောက်ကိုင်ပြီး တံခါးဝကိုလှမ်းကြည့်လိုက်တော့ ထီးပြင်သမားက အိမ်ထဲကို ဖျတ်ခနဲလှမ်းကြည့်ပြီး ခပ်သုတ်သုတ် ထွက်သွားတာတွေ့လိုက်ရတယ်….သူ့အကြည့်တွေက တစ်မျိုးကြီးပဲ…….ဒါနဲ့ဘာရယ်မဟုတ်ဘူး ထီးကိုယူပြီး ပြန်ဖွင့်ကြည့်လိုက်တော့…..။
” ဘုရား…..ရေ”
ပြင်ပြီးသား ထီးကိုင်း(၂)ကိုင်းက ကျိုးထွက်နေပါလား….. ခုနပြင်ပြီးခါစက ဖွင့်ကြည့်တော့အကောင်းကြီးပါ….
” သြော် ကျိုးနေတဲ့နေရာကို တေ့ပြီးဆက်ထားတာကိုး… ဒင်း ..ဒင်း… ငါ့မှာတော့သနားလိုက်ရတာ……. ဒီလိုစိတ်ထားမျိုးရှိလို့ ဒီလိုနေနေရတာ…….ဟွန်း ”
ဖတ်လက်စ တရားစာအုပ်ထဲက တရားတွေပျောက်ပြီး ဒေါသစိတ်တွေဝင်လာတယ်…..
ပြောပြောဆိုဆို ဒေါသနဲ့ထီးကို စားပွဲပေါ်ဆောင့်ချလိုက်တော့ သောက်လက်စကော်ဖီခွက်ကို တိုက်မိပြီ ဖတ်လက်စတရားစာအုပ်ပေါ် နဲနဲစင်သွားသေးတယ်……..
” သြော်…..လူတွေ.. လူတွေ..”

Read More...

Wednesday, July 9, 2008

အိမ်မက်တမ်းချင်း

အိမ်မက်တွေလေ.....
မရေမရာ ဝေဒနာဖြစ် ။
မနက်လင်းရော…..
သက်ပြင်းမောချ ။
ညကမပျော် တသမျှော်တမ်း…..
ရော်ရည်မှန်းလျှက်…..
လွမ်းဆွတ် ကျန်ရစ်နေတော့သည် … ။ ။

<< ကြိုက်လို့  ကူးယူထားတဲ့ ကဗျာလေးပါ... >>

Read More...

ဆုတောင်း

ဦးနှောက် နဲ့ နှလုံးသား
ကတောက်ကဆဖြစ်ပြီး
ရင်ခုန်သံတွေ ပျောက်ရှခဲ့တဲ့
မနက်ခင်း တစ်ခုမှာ…………
မသိစိတ်ရဲ့ စေ့ဆော်မှု့နဲ့
ခပ်ညံ့ညံ့ ဆုတောင်းတစ်ခုကို မွေးဖွားခဲ့ပါတယ်….
” တေးသွားတွေမဆို ကာရံတွေမလိုပါ
ချိုသာတဲ့ စကားတွေမပါလည်း
စစ်မှန်တဲ့ သစ္စာ၊မေတ္တာတွေနဲ့
အပြစ်အနာဆာကင်းတဲ့ နှလုံးသားတစ်ခုကိုတော့
ပိုင်ဆိုင်ခွင့် ရရှိလာနိုင်ပါစေသား…………… ”

နန္ဒာရေ.... ကဗျာလေးတင်ပြီးပြီ....ကျေနပ်တော့နော် :-)

Read More...

Wednesday, July 2, 2008

နှစ်သက်မိတဲ့ ကာတွန်းလေးတွေ






Read More...

စိတ်ဓါတ်ကြံခိုင်ခြင်း

ပျော်ရွင်နေကြတဲ့လူအတော်များများရဲ့ တချို့ ကိစ္စတွေကို သင်သတိပြုမိတာ ရှိမယ်။ သူတို့ဟာ ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်လွားနိုင်ခဲ့ကြတယ်။ ပျော်ရွင်တဲ့လူတွေ တခါတလေ ငွေကြေးပြတ်လပ်လို့ ဘိုင်ကျမယ်၊

နေမကောင်းဖြစ်မယ်၊ အလုပ်ပြုတ်မယ်၊ ဒါမမှဟုတ် စိတ်အားငယ်တာမျိုး ဖြစ်မယ်။
တခြားလူတွေလိုပဲ ပျော်တတ်တဲ့လူတွေမှာလည်း သူတို့ပြဿနာနဲ့  သူတို့ ရှိကြတယ်။
ဒါပေမဲ့ ဖြစ်လာတဲ့အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ စိတ်ခွန်အား သူတို့ မှာရှိကြတယ်။စိတ်ဓါတ်ကြံ့ခိုင်အောင် လေ့ကျင့်ပေးထားတယ်။
သူတို့စိတ်ဓါတ်ကြံ့ခိုင်အောင် တဖြည်းဖြည်းလုပ်ယူကြရတာ၊ စိတ်ဓါတ်ကြံ့ခိုင်မှုဆိုတာ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုလိုပါပဲ။
သင့်ရဲ့ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်တယ်။
တောင်ကုန်းပေါ်ပြေးတက်တယ်။
တဖြည်းဖြည်းနဲ့သင်ဟာကြံ့ခိုင်သန်စွမ်းလာတယ်။
သင့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေးခေါ်မှုမှာလဲ ဒီအတိုင်းပဲ၊ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းခြင်းအားဖြင့် သင့်ရဲ့ စိတ်ကို ခွန်အားဖြစ်ထွန်းစေတယ်။
ရုန်းကန်ခြင်းဟာ ခွန်အားကို တည်ဆောက်ပေးတယ်။

အိပ်ယာအောက် ၀င်ပုန်းနေရုံနဲ့  ခွန်အားကိုဖြစ်လာမှာ မဟုတ်ဘူး။
ဘ၀ကို ထိပ်တိုက်ရင်ဆိုင်ပါ။
တချို့ စွန့်စားစရာတွေကို စွန့် စားလုပ်ဆောင်ပါ။
သင်ပြုတ်ကျလာပြီး ပြန်ခေါင်းထောင်ထလာမယ်။

တစ်နေ့ ထက်တစ်နေ့  ယုံကြည်ချက်တွေ တိုးလာမယ်။
တဖြည်းဖြည်းနဲ့  အကောင်းမြင် စိတ်ထားဖြစ်လာမယ်။
ဘ၀ဟာ ကြမ်းတမ်းခက်ထန်တဲ့အခါ ကိုယ့်ကိုကိုယ် သတိပေးပါ။
ဒါဟာ ငါ့ရဲ့စိတ်ဓါတ်ကို ကြံ့ခိုင်စေဖို့ ပဲ၊ ငါ ပျော်ရွင်မှုတွေ ရလာနေပြီ။

Source: ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွင်ရွငိ

Read More...

ရယ်မောခြင်း

ရယ်မောခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလဲ လျော့ပါးစေတယ်။
ရယ်တဲ့အခါ ပင်ကို သဘာဝအားဖြင့် မျော်လင့်ချက် ပိုရှိစေပြီး အကောင်းမြင်လာတယ်။
ရယ်လိုက်တဲ့အခါ ကဘာကြီးကို ပြောလိုက်တာက
"နာကျင်ခံစားမှုတွေကို ငြင်းဆန်တယ်ဟေ့"
* * *
ခုတလော စိတ်ညစ်စရာတွေ ဆက်တိုက်ဖြစ်နေတယ်
ဒီနေ့ လဲ စိတ်ညစ်စရာဒီဂရီက အမြင့်ဆုံးကိုတက်သွားတယ်
ဝမ်းနဲလို့ မျက်ရည်တောင် ကျသွားသလားမသိဘူး
ထမင်းစားချိန်ရောက်တော့ ဗိုက်ဆာနေပေမဲ့လဲ သူငယ်ချင်းတွေနဲ့ TTဆော့လိုက်တယ်
ငြင်းခုန်ရင်း....အော်ဟစ်ရင်း....... ရယ်မောရင်း .........စိတ်ညစ်တာတွေလျော့လာတယ်
၅ပွဲလောက် ဆက်တိုက်ရှုံးပြီးလို့ ထမင်းစားမယ်ဆိုတော့ ခုနက စိတ်ညစ်တာတွေ ၈၀% လောက် ပျောက်သွားတယ်...
အားရပါးရ ရယ်မောပြီး စိတ်ကို ထွက်ပေါက်ပေးလိုက်တယ်..
စိတ်ညစ်နေတာတွေကို ပျောက်အောင် ၀ိုင်းပြီးကူညီအားပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးပါ...............

၁ ဇူလိုင် ၂၀၀၈ - ည ၁၀ နာရီ

Read More...