ပျော်ရွင်နေကြတဲ့လူအတော်များများရဲ့ တချို့ ကိစ္စတွေကို သင်သတိပြုမိတာ ရှိမယ်။ သူတို့ဟာ ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်လွားနိုင်ခဲ့ကြတယ်။ ပျော်ရွင်တဲ့လူတွေ တခါတလေ ငွေကြေးပြတ်လပ်လို့ ဘိုင်ကျမယ်၊
နေမကောင်းဖြစ်မယ်၊ အလုပ်ပြုတ်မယ်၊ ဒါမမှဟုတ် စိတ်အားငယ်တာမျိုး ဖြစ်မယ်။
တခြားလူတွေလိုပဲ ပျော်တတ်တဲ့လူတွေမှာလည်း သူတို့ပြဿနာနဲ့  သူတို့ ရှိကြတယ်။
ဒါပေမဲ့ ဖြစ်လာတဲ့အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ စိတ်ခွန်အား သူတို့ မှာရှိကြတယ်။စိတ်ဓါတ်ကြံ့ခိုင်အောင် လေ့ကျင့်ပေးထားတယ်။
သူတို့စိတ်ဓါတ်ကြံ့ခိုင်အောင် တဖြည်းဖြည်းလုပ်ယူကြရတာ၊ စိတ်ဓါတ်ကြံ့ခိုင်မှုဆိုတာ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုလိုပါပဲ။
သင့်ရဲ့ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်တယ်။
တောင်ကုန်းပေါ်ပြေးတက်တယ်။
တဖြည်းဖြည်းနဲ့သင်ဟာကြံ့ခိုင်သန်စွမ်းလာတယ်။
သင့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေးခေါ်မှုမှာလဲ ဒီအတိုင်းပဲ၊ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းခြင်းအားဖြင့် သင့်ရဲ့ စိတ်ကို ခွန်အားဖြစ်ထွန်းစေတယ်။
ရုန်းကန်ခြင်းဟာ ခွန်အားကို တည်ဆောက်ပေးတယ်။
အိပ်ယာအောက် ၀င်ပုန်းနေရုံနဲ့  ခွန်အားကိုဖြစ်လာမှာ မဟုတ်ဘူး။
ဘ၀ကို ထိပ်တိုက်ရင်ဆိုင်ပါ။
တချို့ စွန့်စားစရာတွေကို စွန့် စားလုပ်ဆောင်ပါ။
သင်ပြုတ်ကျလာပြီး ပြန်ခေါင်းထောင်ထလာမယ်။
တစ်နေ့ ထက်တစ်နေ့  ယုံကြည်ချက်တွေ တိုးလာမယ်။
တဖြည်းဖြည်းနဲ့  အကောင်းမြင် စိတ်ထားဖြစ်လာမယ်။
ဘ၀ဟာ ကြမ်းတမ်းခက်ထန်တဲ့အခါ ကိုယ့်ကိုကိုယ် သတိပေးပါ။
ဒါဟာ ငါ့ရဲ့စိတ်ဓါတ်ကို ကြံ့ခိုင်စေဖို့ ပဲ၊ ငါ ပျော်ရွင်မှုတွေ ရလာနေပြီ။
Source: ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွင်ရွငိ
ိ