Thursday, October 16, 2008

ရင်တွေပူတဲ့မနက်ခင်း

ရင်တွေပူလိုက်တာနော်.....
ရင်တွေပူတယ်..... တကယ်ပဲ....
ရေသောက်လဲမပျောက်ပါလား....
ဟူး...တော်တော်ဆိုးတဲ့ဝေဒနာပဲ.... ၁၀တန်းအောင်စာရင်းကြည့်တုန်းကတောင် ဒီလောက်ရင်မပူရဘူး..
ဒီနေ့  အလုပ်မှာ ဂျပန်ကမန်နေဂျာတွေရောက်နေပြီး ၀န်ထမ်းတစ်ယောက်ချင်းဆီကို အင်တာဗျုးတာလေ...
အလုပ်နဲ့ ပက်သက်ပြီး ဘာညာကွိကွပေါ့....
အဲလို ဘာညာကွိကွဖို့ ကို ရင်ပူတာ...
မြန်မာမှာရှိတဲ့ Departmentရဲ့ မန်နေဂျာဆိုတော့ ကိုယ့်လူကြီးဆိုပြီး ကြောက်နေတာ... :-P
ကဲ... ကြောက်ပါတယ်ဆိုမှ ကိုယ့်ကိုခေါ်မယ့်အလှည့်ကြမှ ထပ်မခေါ်သေးပဲ ကြာနေလိုက်တာ...
Conference Room ရဲ့ တံခါးဖွင့်သံပိတ်သံကြားတိုင်း ရင်ကဒိန်းကနဲ ဒိန်းကနဲ ခုန်သွားတာ...
တကယ်တန်း မျက်နှာချင်းဆိုင် ပြောရဆိုရမယ်ဆို အဲလောက်ကြောက်မိမှာ မဟုတ်ဘူး... ဒီစပ်ကြားလေးကို ကြောက်နေတာ..
ဘာမှကြောက်စရာလဲ မဟုတ်ပဲ.... တကတဲဖြစ်နေလိုက်တာ...
စိတ်မပူပါနဲ့  ant ရေ....အဆင်ပြေမှာပါ...