Monday, June 15, 2009

အထီးကျန်ခြင်း

ဘေးနားမှာ လူတွေရှိနေပေမဲ့လည်း တယောက်တည်းလို ခံစားနေရတယ်
လုံခြုံစိတ်ချရတဲ့ ခံစားမှု ဘယ်မှာလဲ
အားလုံးစီးမျောနေတဲ့ပုံစံထဲမှာ ငါမလိုက်နိုင်တာလား
ကလေးတယောက်ရဲ့စိတ်ထားလိုမဖြူစင်ချင်ပါဘူး...ကလေးတွေလဲ စိတ်ထားဖြူစင်ကြတာမှမဟုတ်တာလေ....။

မနက်မိုးလင်းရင် အလုပ်လာ
တာဝန်ရှိတဲ့အလုပ်ကို လုပ်
ထမင်းစားချိန်စား
ပြန်သင့်တဲ့အချိန်ပြန်
အထီးကျန်နေတဲ့အိမ်ကြီးက ငါ့ကိုဆီးကြိုနေပြန်တယ်
မှောင်မဲနေတဲ့အခန်းထဲမှာ ငုတ်တုတ်
တ၀ီဝီအော်နေတဲ့ ခြင်တွေကိုသွေးလှူနေလိုက်တယ်
မျက်လုံးနှစ်လုံးကိုစုံမှိတ်လိုက်တော့မှ ဖျတ်ခနဲလင်းလာတဲ့ မီးချောင်း
မနက်ဖြန်အတွက် အားတွေကို ငါဘယ်လိုမွေးရမှာလဲ..... ။