Thursday, June 11, 2009

၁နှစ်ပြည့် ဘလော့လေး

အသက် ၂၄နှစ်ပြည့်တုန်းက စခဲ့တဲ့ဒီဘလော့လေး ခုတော့ ၁နှစ်ပြည့်သွားပြီ
ပျော်ရွှင်ရတာတွေ ၀မ်းနည်းရတာတွေ စိတ်ရှုပ်ခဲ့ရတာတွေ အားလုံးနီးပါးကို သူ့ဆီမှာရင်ဖွင့်ခဲ့တယ်...
ခုဆို သူနဲ့ ရင်းနှီးခဲ့ရတာ တနှစ်ပြည့်သွားပြီ..
တခါတလေ ကျမအလုပ်တွေရှုပ်နေလို့ သူ့ဘက်ကိုမလှည့်နိုင်ရင်ဘူး..
တခါတလေ ကျမစိတ်ဓါတ်ကျနေလို့ သူ့ဘက်ကိုမလှည့်နိုင်ဘူး..
တခါတလေ ကျမအားနေလို့ အင်တာနက်ပေါ်လျောက်သွားရင်း အလည်လွန်နေလို့ သူ့ဘက်ကိုမလှည့်နိုင်ဘူး..
တခါတလေ ဘာမှရေးစရာမရှိလို့ သူ့ဘက်ကိုမလှည့်ဖြစ်ဘူး...
ဒါပေမဲ့ ကျမသူ့ဆီကိုရောက်တိုင်း နွေးထွေးစွာကြိုဆိုမြဲပါ........
ကျမဘလော့လေးကို လာလည်မဲ့သူတွေရှိအောင် ကျမမကြိုးစားပါဘူး
လာလည်ပါလို့လဲ ကျမမဖိတ်ခေါ်ပါဘူး..
ဘာလို့လဲဆိုတော့ ဒီဘလော့လေးက ကျမရဲ့ ဒိုင်ယာရီလေးပါ -
ပြီးတော့ စာရေးလဲပျင်းတဲ့ စိတ်ကူးရမှ ထထရေးတတ်တဲ့ကျမ သူငယ်ချင်းတွေကိုဒုက္ခမပေးချင်လို့ပါး-)
ဘာပဲပြောပြော အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ ကျမနဲ့ ကျမရဲ့ဘလော့လေးကတော့ ကိုယ့်ဆင်ခြေနဲ့ကိုယ် ဟုတ်နေတာပါပဲ
း-)