လပြည့်နေ့က အဖေ့ဘက်ကဆွေမျိုးသားချင်းတွေစုပြီး မိသားစုကန်တော့ပွဲလေးတစ်ခုလုပ်ကြတယ်...
အဖိုးရှိကတည်းက သားသမီးမြေးမြစ်တွေပေါင်းပြီး ကန်တော့ခဲ့ကြတာမို့  အဖိုးဆုံးပြီးနောက်ပိုင်းကြတော့လဲ မောင်နှမတွေတစ်နှစ်တစ်ခေါက်လောက်
ပြန်ဆုံကြရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့  စုစည်းတဲ့ပွဲလေးပါ...
နယ်အဝေးကလူတွေကတော့ မလာနိုင်ကြဘူးပေါ့လေ...
မြောက်ဒဂုံက ဘကြီးအိမ်မှာစုဝေးကြတာဆိုတော့ နေ့ လည်စာကတော. အဲအိမ်မှာပဲဆွဲကြတာပေါ့နော်... ဟဲ ဟဲ..
ဟင်းတွေကတော့ ချက်ထားကြတာ ရှယ်ပဲ...
အစားနဲတဲ့သူတောင် ၂ပန်းကန်လောက်ဆွဲတယ်..
စားပြီးတော့ အချိုပွဲကအဆင်သင့်.... ။
(ကလေးတွေနဲ့ ရှုပ်နေတာတော့ နဲနဲစိတ်ညစ်တယ်...တူတွေတူမတွေပေါ့)
အားလုံးစားသောက်ပြီးတဲ့အချိန်ကြတော့ အိမ်အပေါ်ထပ်မှာကန်တော့ဖို့ ပြင်ဆင်ကြပြီ...
ကန်တော့ပစ္စည်းတွေကို လင်ပန်းတွေပေါ်မှာ စုတင်ကြတယ်
'ကာယကံ ၀ဇီကံ မနောကံ ကံသုံးပါးနဲ့  ပြစ်မှားမိပါက ခွင့်လွှတ်ကြပါ' လို့  ရွတ်ဆိုကြပြီး..
အဖေတို့ရဲ့အကြီးဆုံးအစ်မကြီးတို့ ကို အရင်ဆုံးကန်တော့ကြတယ်
ပြီးတော့ အဖေတို့အစ်ကို ...
ပြီးတော့ အဖေ့အထက်က အစ်မ....
ပြီးတော့ အဖေနဲ့အမေ....
ဆုတွေပေးတာကတော့အစုံပဲ ..... 'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ'
ကဲ ကန်တော့ပြီးပြီဆိုတော့ အားလုံးမျှော်လင့်နေတဲ့ အချိန်ရောက်လာပြီလေ....
ပိုက်ဆံကြဲမှာလေ....
ကန်တော့ခံကြတဲ့လူကြီးတွေက ပိုက်ဆံဆုပြီး မုန့်ဖိုးအနေနဲ့ပြန်ပေးတာပေါ့...ပျော်စရာကောင်းအောင် ဒီအတိုင်းမပေးပဲ ကြဲပြီးမှလုကောက်ခိုင်းတယ်လေ..
ပိုက်ဆံတွေကိုခေါက်ပြီး သကြားလုံးတွေနဲ့ ရောထားတာ.... အမေကကြဲမှာ...
ကိုယ့်ဘက်ကိုကြဲမယ်လို့တော့ မျှော်လင့်ရတာပဲ.... ;-P
ကဲ ကြဲလိုက်ပါပြီ............ ဝေး ဟေးဟေး ~~~~
အမ်...ဘာမှလဲကြမလာပါလား..... အောက်ကလူတွေကအော်တယ်..... 'အာ....အန်တီတော်တော်နောက်တာပဲ' .....
အမေကလဲ ဟုတ်ပါ့.... ဒီကလည်းကြဲပြီထင်ပြီး လူအုပ်ထဲကို ဒိုင်ဗင်ပစ်တော့မလို့ .....
အမေလဲ တကယ်ကြဲရော.... ဘယ်ရမလဲ မြင်မြင်သမျှအကုန်လိုက်ကောက်တာပေါ့ သကြားလုံးကော ဘာကောရွေးမနေဘူး....
အမယ် လက်သွက်လိုက်ကြတာနော်..... ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့....အော်ကြဟစ်ကြနဲ့ ...
အမေက ဒီဘက်ကိုလဲ မကြဲဘူး... ;-(
မှန်းစမ်း.... ဘယ်လောက်ရလဲလို့ .....
အမ်.... ၂၀၀တန်လေးနှစ်ရွက် .. ငိုတောင်ငိုချင်သွားတယ်... အစ်ကိုတစ်ယောက်ဆို ၃၀၀၀ လောက်ရတယ်... ၁၀၀၀ တန် ၅၀၀ တန်တွေရတာတဲ့
ဟင့် ငါကိုက လက်နှေးတာ....
အစ်ကိုတစ်ယောက်က သူ့ ကင်မရာလေးနဲ့  video record လုပ်ထားတယ်....
ပြန်ကြည့်တော.... လားလား... ခုနက ၃၀၀၀ ရတယ်ဆိုတဲ့အစ်ကိုက ရှေ့ဆုံးကနေပြီး သူ့ခန္ဓာကိုယ်ဝတုတ်ပြဲကြီးနဲ့ အားလုံးကို ပိတ်ပြီး လုကောက်နေတာကိုး ... အကျင့်ကိုပုတ်တယ်
တော်ပြီ နောက်နှစ်ကြရင်မလုတော့ဘူ.... ဒူးနာတာပဲ အဖတ်တင်တယ် ;-(
အခု သီတင်းကျွတ် နောက်လတန်ဆောင်တိုင် ...အဲကြရင် သံလျင်ကျောက်တန်းကဆွေမျိုးတွေကို သွားကန်တော့ဖို့ တိုင်ပင်ကြတယ်....
အဲကြရင်... လယ်ထဲမှာ စပါးတွေရိတ်ပြီးသွားပြီ... လယ်ထဲထိ လှည်းစီးသွားကြမယ်...တဲ့...
ကောင်းလိုက်တဲ့ အကြံ...မြို့ကြီးပြကြီးမှာက ကားတွေစီး မီးခိုးငွေ့ တွေရှုနဲ့ ........
ဒီလိုလေး လှည်းလေးစီးပြီး လယ်ကွင်းထဲက လေကောင်းလေသန့်လေးတွေသွားရှုရမှာ ကောင်းလိုက်တာ...
နေဦး... ညကြရင် အိမ်မှာအလှမီးလေးတွေ ထွန်းဖို့ မောင်လေးနဲ့ ပြောရအုန်းမယ်..
ဒါမှလဲ ကိုယ့်အိမ်က သူများအိမ်တွေနဲ့အပြိုင်လှနေမှာလေ...မဟုတ်ဘူးလား...
Friday, October 17, 2008
လပြည့်နေ့ ကန်တော့ပွဲ
Thursday, October 16, 2008
ရင်တွေပူတဲ့မနက်ခင်း
ရင်တွေပူလိုက်တာနော်.....
ရင်တွေပူတယ်..... တကယ်ပဲ....
ရေသောက်လဲမပျောက်ပါလား....
ဟူး...တော်တော်ဆိုးတဲ့ဝေဒနာပဲ.... ၁၀တန်းအောင်စာရင်းကြည့်တုန်းကတောင် ဒီလောက်ရင်မပူရဘူး..
ဒီနေ့  အလုပ်မှာ ဂျပန်ကမန်နေဂျာတွေရောက်နေပြီး ၀န်ထမ်းတစ်ယောက်ချင်းဆီကို အင်တာဗျုးတာလေ...
အလုပ်နဲ့ ပက်သက်ပြီး ဘာညာကွိကွပေါ့....
အဲလို ဘာညာကွိကွဖို့ ကို ရင်ပူတာ...
မြန်မာမှာရှိတဲ့ Departmentရဲ့ မန်နေဂျာဆိုတော့ ကိုယ့်လူကြီးဆိုပြီး ကြောက်နေတာ... :-P
ကဲ... ကြောက်ပါတယ်ဆိုမှ ကိုယ့်ကိုခေါ်မယ့်အလှည့်ကြမှ ထပ်မခေါ်သေးပဲ ကြာနေလိုက်တာ...
Conference Room ရဲ့ တံခါးဖွင့်သံပိတ်သံကြားတိုင်း ရင်ကဒိန်းကနဲ ဒိန်းကနဲ ခုန်သွားတာ...
တကယ်တန်း မျက်နှာချင်းဆိုင် ပြောရဆိုရမယ်ဆို အဲလောက်ကြောက်မိမှာ မဟုတ်ဘူး... ဒီစပ်ကြားလေးကို ကြောက်နေတာ..
ဘာမှကြောက်စရာလဲ မဟုတ်ပဲ.... တကတဲဖြစ်နေလိုက်တာ...
စိတ်မပူပါနဲ့  ant ရေ....အဆင်ပြေမှာပါ...
Wednesday, October 15, 2008
ညီမလေး ... သို့
အမှန်အတိုင်းပြောရရင်...တစ်ရက်တည်း တစ်ချိန်တည်း အလုပ်အတူဝင်ခဲ့ကြတဲ့ ညီမလေး တစ်ယောက်အလုပ်ထွက်သွားကတည်းက အလုပ်မှာ ပျင်းတဲ့ဒဏ်ကို တော်တော်လေးခံလိုက်ရတယ်..(အခုထိတောင် အရှိန်ကသိပ်မသေသေးဘူး ).. ဂလကျော် ၉လနီးပါး ခင်မင်ခဲ့ကြတာလေ...
အလုပ်စ၀င်ပြီဆိုကတည်းက ... နန္ဒာနှစ်ယောက်ဆိုတော့...နာမည်တူဓါတ်စီးပြီး ပိုခင်မိကြတယ် ထင်တယ်...
သူကလည်းပွင့်ပွင့်လင်းလင်း ကိုယ်ကလည်းပွင့်ပွင့်လင်းလင်းဆိုတော့ အလုပ်ဝင်ပြီးသိပ်မကြာခင်ပဲ
သူ့ အဆောင်ကိုလိုက်လည်ပြီးနေပြီ.... နောက်၂လလောက်ကြာတော့ ကိုယ်အိမ်မှာ သူလိုက်အိပ်တယ်...
စကားကို ဘွင်းဘွင်းပြောတဲ့သူ့ကို ကိုယ်အိမ်က မိသားစုတွေကလည်းခင်တယ်... အိမ်ကမောင်လေးကို သူခေါ်တာ 'အသည်းကြီး' တဲ့...
ဟိုက ရှက်လို့ ..... အဲလိုပါဆို.. ;-P
ရုံးမှာ ကော်ဖီသွားဖျော်ရင်လည်းအတူတူ...
ထမင်းစားပြီးလို့  လမ်းလျောက်ထွက်လည်းအတူတူ...
တခါတလေ အလုပ်မလုပ်ချင်လို့  ပျင်းကြတာလည်းအတူတူ...
ရုံးပိတ်ရက် မြို့ထဲမှာရုပ်ရှင်သွားကြည့်ရင်လည်းအတူတူ....
ပေါက်ကရကလည်း..အလွန်ပြောတတ်သူဆိုတော သူနဲ့ တွေ့ ရင်တော့ မပျင်းစေရဘူးမှတ်...
တခါတလေတော့လည်း သူရင်ဖွင့်တာလေးတွေနားထောင်ပြီး သူ့ ကိုသနားရတာလဲ ခဏခဏ..
သူ့ ဆီက စာရောက်တာလည်း ခုချိန်ထိမပြန်ရသေးဘူး...သူကလည်း....'အစ်မအကြောင်းသိလို့  မမျှော်ဘူးတဲ့'
သူကလည်းနေရာဟောင်းကိုပြန်သွားသလို ကိုယ်ကလည်းနေရာဟောင်းမှာကျန်ခဲ့တာပါပဲ...
ဘာပဲပြောပြော တစ်မြေထဲနေတစ်ရေတည်းသောက်ဆိုတော့ တော်သေးတာပေါ့နော်...
ကြာပြီဆိုတော့ မေ့လောက်ပါပြီ :-P
အိုး...... ဘလော့လေးကို ပစ်ထားမိတာ ၃လလောက်တောင် ရှိသွားပါပြီကော....
အလုပ်ရှုပ်နေတာတစ်ကြောင်း............ပျင်းနေတာကနှစ်ကြောင်း.....
ဟိုဟာကသုံးကြောင်း...ဒီဟာကလေးကြောင်း....အကြောင်းကြောင်းကြောင့် .... ;-P
ကြည့်နေကြဘလော့တွေတောင် ပုံမှန်မကြည့်ဖြစ်တာ ကြာပါပြီ.....
မရေးတာကြာတော့ လာလည်တဲ့သူလဲမရှိ......
'အသစ်ရေး...အသစ်ရေး' လို့  အမြဲ အော်နေတဲ့...သူငယ်ချင်းတစ်ယောက်တောင် မောသွားရှာပြီ ထင်ပါရဲ့...
အကျင့်ကလဲ အဲလို...
လုပ်ချင်စိတ်ပေါက်လာရင် တားမရဆီးမရ... မလုပ်ချင်တော့ဘူးဆိုရင်လဲ နောက်ကဘယ်လောက်တွန်းတွန်း မရတော့ဘူး....
အခုလဲ ဘလော့တစ်ခုနှစ်ခုကြည့်ပြီး....ရေးချင်စိတ်ပေါက်လာပြန်ပြီ..
ကဲ....အဲတာသာကြည့်.... 'လူ့ စိတ်ဆိုတာ မျောက်စိတ်' တဲ့ .... မှန်လိုက်လေ....
စိတ်ကိုပြောတာနော်....လူကိုပြောတာမဟုတ်ဘူး....( :-P ကြိုပြောထားတာ..)