“ Personaltiy is a germ in the child that can develop only by slow stages in a true life.”
Personality ကိုယ်၇ည်ကိုယ်သွေးဟာ ကလေး၇ဲ့စိတ်ထဲမှာ အစေ့ညှောက်လေးတစ်ခုအနေနဲ့ ရှိပြီးသားပါ။ ဒါလေးကို တဖြည်းဖြည်းကြီးလာအောင် ပြုစု၇တာ။
အဖက်ဖက်က အရည်အသွေးတွေ ကောင်းလာဖို့ဆိုတာ ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြုစုပြိုးထောင် သွား၇တယ်။ ဗြုန်းကတည်း ချက်ချင်းကြီးတော့ မရနိုင်ဘူး။ ဘဝအတွေ့ အကြုံ အမျိုးမျိုးကို ဖြတ်သန်းသွားရင်းနဲ့ ဘ၀ကို နေသွားရင်းနဲ့ လေ့ကျင့်ပြုစုပျိုးထောင် ယူရတာ။ မွေးခါစကလေးအတွက် လူအရည်အချင်းတွေဟာ အညောင့်လေးလောက်ပဲ ရှိတယ်။
ကလေးတစ်ယောက်ကို သူရဲ့ အမေ၊အဖေ၊ အစ်ကို၊ မောင်နှမတွေ သူ့ ကို ထန်းကျောင်းပေးတဲ့လူတွေက သူ့ ကို စားသင့်တဲ့အချိန်မှာ ကောင်းကောင်းကျွေးမယ်။ ပြုစုသင့်တဲ့အခါမှာ ကောင်းကောင်းပြုစုမယ်။ ပစ်မထားဘူး။ သူ့ ကိုအော်တာငေါက်တာရိုက်တာမျိုး မလုပ်ဘူးဆိုရင် ဒီကလေးရဲ့စိတ်ဟာ နူးညံ့တယ်၊ အေးချမ်းတယ်၊ ပျော်ရွင်တယ်။ သူ့ ကိုယ်သူ ကျေနပ်မှုအများကြီးရှိနေမယ်။ ပတ်ဝန်းကျင်ကိုလည်း ယုံကြည်မှု၊ ခင်မင်မှုတွေ ရှိမယ်။
Source: ဆ၇ာတော်ဦးဇော်တိက၏ ကိုယ်ကျင့်တ၇ားမြင့်မားေ၇း။