Monday, June 23, 2008

လိပ်ပြာဖမ်းခွက်

ပြီးခဲ့တဲ့စနေနေ့ က သူငယ်ချင်းတွေစုပြီး ဗေဒင်သွားမေးကြတယ်။
အလှည့်စောင့်နေတုန်း ဗေဒင်ဆရာမရဲ့ အမေက လာမေးတဲ့လူတွေကို ဧည့်ခံစကားပြောနေတယ်။
သူပြောနေတာတွေကို စိတ်ဝင်စားလို့ နားထောင်တဲ့သူကနားထောင်၊ နားမထောင်တဲ့သူက အချင်းချင်းတွတ်ထိုးနေကြတာ။
”ဒေါက်..ဂလောက်…”
သူငယ်ချင်းတစ်ယောက်ထိုင်နေတဲ့ခုံရဲ့ နောက်က ခွက်တစ်လုံးပြုတ်ကျသွားတာပါ။သူကပြန်ကောက်ပြီးတင်လိုက်တော့ ဆရာမရဲ့အမေက
”အဲဒီခွက်က လိပ်ပြာဖမ်းတဲ့ခွက်လေ”
အားလုံးရဲ့မျက်လုံးတွေ အဲဒီအဘွားကြီးဆီရောက်သွားတယ်။
ဟင်..လိပ်ပြာဖမ်းခွက်ဆိုပါလား …. ကြက်သီးတောင်ထသွားတယ် - ဘယ်လိုဖမ်းတာလဲ - ဘာလို့ ဖမ်းတာလဲ - ?????
”ဘယ်လိုဖမ်းတာလဲဟင်” တစ်ယောက်ကထမေးလိုက်တယ်(မတ်တပ်ရပ်ပြီးမေးခြင်းမဟုတ်ပါ)
”အိမ်ထဲကိုလိပ်ပြာလေးတွေဝင်လာတယ်လေ.. ကြောင်တွေစားမှာစိုးလို့  လိပ်ပြာနားနေတဲ့အချိန်ခွက်လေးနဲ့ အသာအုပ်..ပြီးမှအောက်ကနေ ယပ်တောင်အပါးလေးနဲ့ အသာလေးထိုးပြီး ခွက်ကိုပိတ်…အိမ်ပြင်သွားပြီးမှလွင့်ပစ်တာလေ…မလွယ်ဘူးလိပ်ပြာဖမ်းရတာ…”
”သြော်…”
”အင်း….”
သူလိပ်ပြာဖမ်းတာ ဂလိုကိုး….အားလုံးသက်ပြင်းကိုဖြေးဖြေးလေးချလိုက်ကြတယ်….။