ပြီးခဲ့တဲ့ တော်လှန်ရေးနေ့မှာ ရုံးကလုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ တိုက်ကြီးဘက်က မြိုင်ဟေ၀န်ဆင်စခန်းကို ရောက်ခဲ့ကြတယ်
ဆင်မစီးနဲ့ တကိုယ်လုံးကိုင်ရိုက်ထားသလို ခံရလိမ့်မယ်လို့ သူငယ်ချင်းတစ်ယောက်က သတိပေးပေမဲ့ ကျမတို့အဖွဲ့ က ဆင်စီးဖို့ဆိုပြီး မောင်းတင်သွားကြတယ်
တိုက်ကြီးထိကားလမ်းကောင်းပေမဲ့ ဖလမ်းတာဆုံကိုဝင်တဲ့လမ်းကနေ လမ်းကကြမ်းလိုက်တာမှ မပြောပါနဲ့တော့
စကောထဲဆီးဖြူသီးအလှိမ့်ခံရသလိုပါပဲ...အရေးထဲ လမ်းကမှားဝင်သေး...
မနက် ရ နာရီလောက်ကထွက်ခဲ့ကြတာ နေ့လည် ၁၂လောက်မှ ဆင်စခန်းကိုရောက်ကြတယ်...
လကမ္ဘာလမ်းကနေလာတာဆိုတော့ စားခဲ့တဲ့မနက်စာဆိုတာ ဘယ်ရောက်မှန်းမသိ...
အဲတော့ ကြိုတင်ပြင်ဆင်လာတဲ့ခေါက်ဆွဲကြော်ကိုအပြတ်ဝါးကြတာပေါ့း-)
တအောင့်နားကြပြီးတော့မှ ဆင်စီးဖို့ လင့်စင်ပေါ်တက်ကြတယ်..
စင်ပေါ်ရောက်လို့ သူများတွေ ဆင်ပေါ်တက်ဖို့ကြိုးစားရင် အော်ကြဟစ်ကြတော့မှပဲ ကြောက်ရကောင်းမှန်းသိလာတယ်(နဲနဲသွေးပျက်လာတာပေါ့ ဟီးဟီး)
တက်နိုင်ဘူးလေ စီးရတော့မှာပေါ့...
'အတွေ့ အကြုံဆိုတာ ရတုန်းယူထားရတာ' လို့တောင် မတက်ရဲတဲ့ သူငယ်ချင်းကိုအားပေးလိုက်သေးတယ်
အဲလိုနဲ့ ဆင်ပေါ်ရောက်သွားရော ဆိုပါတော့...
ပထမတော့ ဆင်ကျောပေါ်မှာမထိုင်တတ်တာရယ် ပြုတ်ကျမှာစိုးတာရယ်ကြောင့် ရှေ့ကလက်တန်းလေးကိုပဲ အသေကိုင်ထားတာ...
နောက်တော့မှ တခြားဆင်ပေါ်ကသူငယ်ချင်းတွေက ဘယ်လိုထိုင် ခြေထောက်ကိုဘယ်လိုထားဆိုပြောမှ အဆင်ပြေတော့တယ်
စခန်းမှူးပြောတော့ ဆင်စီးတာ ၁နာရီကြာမယ်တဲ့
အမလေး.... နေလှမ်းခံရတာ ၂နာရီ နီးပါး
တောကလဲ တိုးရသေး.၀ါးပင်တွေနဲ့ လက်တွေလဲရှမိသေး..လက်ရှည် မျက်မှန် နဲ့ ထီး ယူလာမိလို့သာပေါ့...မဟုတ်ရင် မဖြူတဲ့အသားလေးတွေမည်းကုန်မှာ...
Lotion လဲ လိမ်းလာသေးတယ်း-p
ဆင်စီးပြီးမြင်းရံဖို့ပဲ လိုတော့တယ်..အဲလေ..မှားလို့ ဆင်က ကတာကြည့်ဖို့ပဲ ကျန်တော့တယ်
သူတို့ကတော့စဉ်းစားမယ် 'တောထဲလဲလိုက်ပို့ရသေး ကလဲကပြရသေး' ဆိုပြီး
ခနတဖြုတ်နားပြီးတဲ့ အချိန်က ၃နာရီထိုးနေပြီ
ကဲ ပြန်ကြတော့မယ် အားလုံးဓါတ်ပုံစုရိုက်ကြတယ်
အပြန်လမ်းမှာတော့ အားလုံးငိုက်နေကြပါပြီ