ပြီးခဲ့တဲ့ တော်လှန်ရေးနေ့မှာ ရုံးကလုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ တိုက်ကြီးဘက်က မြိုင်ဟေ၀န်ဆင်စခန်းကို ရောက်ခဲ့ကြတယ်
ဆင်မစီးနဲ့ တကိုယ်လုံးကိုင်ရိုက်ထားသလို ခံရလိမ့်မယ်လို့ သူငယ်ချင်းတစ်ယောက်က သတိပေးပေမဲ့ ကျမတို့အဖွဲ့ က ဆင်စီးဖို့ဆိုပြီး မောင်းတင်သွားကြတယ်
တိုက်ကြီးထိကားလမ်းကောင်းပေမဲ့ ဖလမ်းတာဆုံကိုဝင်တဲ့လမ်းကနေ လမ်းကကြမ်းလိုက်တာမှ မပြောပါနဲ့တော့
စကောထဲဆီးဖြူသီးအလှိမ့်ခံရသလိုပါပဲ...အရေးထဲ လမ်းကမှားဝင်သေး...
မနက် ရ နာရီလောက်ကထွက်ခဲ့ကြတာ နေ့လည် ၁၂လောက်မှ ဆင်စခန်းကိုရောက်ကြတယ်...
လကမ္ဘာလမ်းကနေလာတာဆိုတော့ စားခဲ့တဲ့မနက်စာဆိုတာ ဘယ်ရောက်မှန်းမသိ...
အဲတော့ ကြိုတင်ပြင်ဆင်လာတဲ့ခေါက်ဆွဲကြော်ကိုအပြတ်ဝါးကြတာပေါ့း-)
တအောင့်နားကြပြီးတော့မှ ဆင်စီးဖို့ လင့်စင်ပေါ်တက်ကြတယ်..
စင်ပေါ်ရောက်လို့ သူများတွေ ဆင်ပေါ်တက်ဖို့ကြိုးစားရင် အော်ကြဟစ်ကြတော့မှပဲ ကြောက်ရကောင်းမှန်းသိလာတယ်(နဲနဲသွေးပျက်လာတာပေါ့ ဟီးဟီး)
တက်နိုင်ဘူးလေ စီးရတော့မှာပေါ့...
'အတွေ့ အကြုံဆိုတာ ရတုန်းယူထားရတာ' လို့တောင် မတက်ရဲတဲ့ သူငယ်ချင်းကိုအားပေးလိုက်သေးတယ်
အဲလိုနဲ့ ဆင်ပေါ်ရောက်သွားရော ဆိုပါတော့...
ပထမတော့ ဆင်ကျောပေါ်မှာမထိုင်တတ်တာရယ် ပြုတ်ကျမှာစိုးတာရယ်ကြောင့် ရှေ့ကလက်တန်းလေးကိုပဲ အသေကိုင်ထားတာ...
နောက်တော့မှ တခြားဆင်ပေါ်ကသူငယ်ချင်းတွေက ဘယ်လိုထိုင် ခြေထောက်ကိုဘယ်လိုထားဆိုပြောမှ အဆင်ပြေတော့တယ်
စခန်းမှူးပြောတော့ ဆင်စီးတာ ၁နာရီကြာမယ်တဲ့
အမလေး.... နေလှမ်းခံရတာ ၂နာရီ နီးပါး
တောကလဲ တိုးရသေး.၀ါးပင်တွေနဲ့ လက်တွေလဲရှမိသေး..လက်ရှည် မျက်မှန် နဲ့ ထီး ယူလာမိလို့သာပေါ့...မဟုတ်ရင် မဖြူတဲ့အသားလေးတွေမည်းကုန်မှာ...
Lotion လဲ လိမ်းလာသေးတယ်း-p
ဆင်စီးပြီးမြင်းရံဖို့ပဲ လိုတော့တယ်..အဲလေ..မှားလို့ ဆင်က ကတာကြည့်ဖို့ပဲ ကျန်တော့တယ်
သူတို့ကတော့စဉ်းစားမယ် 'တောထဲလဲလိုက်ပို့ရသေး ကလဲကပြရသေး' ဆိုပြီး
ခနတဖြုတ်နားပြီးတဲ့ အချိန်က ၃နာရီထိုးနေပြီ
ကဲ ပြန်ကြတော့မယ် အားလုံးဓါတ်ပုံစုရိုက်ကြတယ်
အပြန်လမ်းမှာတော့ အားလုံးငိုက်နေကြပါပြီ
Monday, March 30, 2009
ဆင်စခန်းသို့အလည်တစ်ခေါက်
Thursday, March 26, 2009
ကိုယ့်ကိုဒီလိုပြောတာမကြိုက်ရင် ကိုယ်လဲသူများကိုအဲလိုမပြောမိစေနဲ
ဒီလိုအတွေးဝင်လာရအောင် ခုတလောအဖြစ်အပျက်က၂ခုတောင်ကြုံရတာဆိုတော့ ချရေးလိုက်တယ်
******************
ချစ်သူကိုစိတ်ကောက်မိတယ်
ကျမရှေ့မှာ တခြားမိန်းကလေးတစ်ယောက်ရဲ့ဝတ်ပုံစားပုံကြည့်လို့ကောင်းတဲ့အကြောင်းလာပြောတယ်
ကျမစိတ်ကောက်တော့မှ ကျမလဲအဲလိုလေးဝတ်ရင်ပိုလှသွားမယ်ထင်လို့ ပြောမိတာပါဆိုပြီးချော့ပါတယ်
သဘောထားသေးတယ်လို့ပဲထင်ထင် သ၀န်တိုတတ်ပဲထင်ထင် တခြားမိန်းကလေးအကြောင်းကိုကိုယ့်ရှေ့မှာချီးမွန်းခန်းဖွင့်နေတာကိုအေးအေးဆေးဆေးနားထောင်ရလောက်အောင် မရင့်ကျက်သေးတာတော့အမှန်ပဲ...။
ပြသနာဆိုတာ သေးတာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြောလိုက်ရမှ ပြေလည်မှာပါ တယောက်ယောက်ကမပြောပဲ ကြိတ်ပုံးဖြစ်နေရင် ပြသနာကပိုကြီးလာဖို့ပဲရှိတယ်လေ..
ပြောကြဆိုကြရင်းနဲ့ ကျမလည်း ကျမအမှားတွေတွေ့ လာရတယ်...
သူကအခုမှ အဲလိုပြောတာ.... ကျမက အရင်ကတည်းက ဟိုလူဝတ်တဲ့ပုံစံခပ်မိုက်မိုက်လေးဝတ်တာတွေ့ ရင်ကြိုက်တယ် ဒီလူဝတ်တဲ့အကျီပုံစံလေးကြိုက်ရင် အဲလိုလေးဝတ်ပါလား ဆိုပြီး ပြောခဲ့တာတွေပြန်သတိရလာတယ်... အဲလိုပြောခဲ့တဲ့အချိန်တွေတုန်းကရော သူဘယ်လိုနေမလဲ ဒါကိုခုမှပြန်စဉ်းစားမိတယ်...
လူဆိုတာကလဲ ကိုယ်ခံရတဲ့အချိန်ရောက်မှ သူများကို ကိုယ်ချင်းစာတတ်တာမဟုတ်လား.....
******************
နောက်တခုကတော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ ဖြစ်တာပါ...
အပျော်ဆော့နေတဲ့ game လေးတစ်ခုမှာ ဆက်တိုက်ရှုံးလာတော့ ဒေါသတကြီးဖြစ်လာတဲ့သူငယ်ချင်းရဲ့အဟောက်ကိုခံလိုက်ရတာပါ..အခြေအနေအရ သူ့ ကို ကိုယ်ကပြန်ပြောလို့မရတဲ့ ပုံစံ....
ရင်းနှီးတဲ့ ငယ်ပေါင်းကြီးဖေါ်သူငယ်ချင်းဆိုရင်တော့ သူတခွန်း ကိုယ်တခွန်းပြန်ပြောမိမှာပဲ....
အပြောခံလိုက်ရတော့ တော်တော်လေး နင်သွားတယ်...
ငါကိုက အသုံးမကျလို့ သူဒေါသထွက်သွားတာလို့ ဖြေသိမ့်ပေမဲ့း-(
ဒီလိုနေရာကျတော့ ချစ်သူလိုစိတ်ကောက်သလိုမျိုး သွားပြီးစိတ်ကောက်နေလို့မရဘူးလေ... နောက်အဲလိုအပြောမခံချင်ရင် အဲလိုဖြစ်လာနိုင်မဲ့အခြေအနေကို တတ်နိုင်သလောက်ရှောင်ပေါ့... ဒါပဲတတ်နိုင်တယ်လေ
အဲဒါကြောင့်လဲ ငါ့ကိုဒီလိုပြောတာမကြိုက်ရင် ငါ့လဲသူများကို အဲလိုမပြောမိစေနဲ့လို့ပဲ ကိုယ့်ကိုကိုယ်ဆုံးမလိုက်ပါတယ်
Wednesday, March 25, 2009
အလုပ်တန်ဖိုး
ကိုယ်ပိုင်လုပ်အားနဲ့ ၀င်ငွေတစ်ခုရနေတဲ့ အလုပ်တစ်ခုကို လုပ်နေမိတဲ့အတွက် ကိုယ့်ကိုကိုယ် ကျေနပ်ဂုဏ်ယူမိတယ် ။
အရင်က အလုပ်တွေသာလုပ်နေတယ် ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့တန်ဖိုးကိုနားမလည်ဘူး ။
ကျောင်းပြီးလို့ ကိုယ်တတ်တဲ့ပညာနဲ့အလုပ်ဝင်လုပ်တယ်လို့ ဒီလောက်ပဲနားလည်တယ် ။
အခုနောက်ပိုင်းတော့ အဲလို အလုပ်တစ်ခုရှိနေတာဟာ လူတစ်ယောက်အတွက် ဘယ်လောက်တောင်အကျိုးရှိစေလဲဆိုတာ သိလာရတယ် ။
အလုပ်ရှိတဲ့ လူတစ်ယောက်နဲ့ အလုပ်မရှိတဲ့လူတစ်ယောက်အပေါ် ပတ်ဝန်းကျင်ကဘယ်လိုအမြင်တွေရှိတယ် အဲလိုအမြင်တွေကလဲ ကိုယ့်အပေါ်ဘယ်လို သက်ရောက်မှုရှိတယ် ... သိလာရတယ် ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုတာကလဲ ဘေးကလူဝင်လုပ်ပေးလို့ရတဲ့အရာမဟုတ်ဘူးဆိုတာ .. ကိုယ့်ကိုထောက်ပံ့ပေးတဲ့ မိဘမောင်နှမဆိုတာ ကိုယ့်နားမှာ အမြဲမရှိနိုင်တာ... ကိုယ့်ဝင်ငွေနဲ့ ကိုယ်ကြိုက်တဲ့အရာလေးတွေကို စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတာ................။
အရင်ကဆို အလုပ်ကထွက်ပစ်လိုက်ချင်စိတ်ကိုပေါက်တယ်.. အဲလိုအချိန်တွေတုန်းကစိတ်လိုက်မာန်ပါ မလုပ်မိတာပဲ တော်သေး..
ကိုယ်လုပ်နေတဲ့အလုပ်ကို တန်ဖိုးထားရမယ်ဆိုတာကို ခုတော့ကျမသိပြီး-)
Monday, March 23, 2009
မတ်လ စိတ်ခံစားမှု
တခါတလေ လောဘ ဒေါသ တွေနောက်မလိုက်တော့ပဲ အေးအေးချမ်းချမ်းလေးပဲ နေသွားချင်တော့တယ်
ငွေကြေးတွေ ပြိုင်ဆိုင်မှုတွေ ခံရခက်ဒေါသတွေ မနာလိုမှုတွေ အနိုင်စကားလုံးတွေကြားမှာ နေရတာ ပင်ပန်းလွန်းလို့ပါ...
စိတ်ပျော့တဲ့ ကိုယ့်ကိုကိုယ်လဲ ဒေါသထွက်မိပါတယ်... တခြားလူနဲ့ ယှဉ်လိုက်ရင် အမြဲ အလျော့ပေး/အရှုံးပေးချင်နေတဲ့ စိတ်ကြောင့် ခက်ပါတယ်
လူတွေရဲ့ အတ္တတွေကိုလဲ ကြောက်မိတယ် - အတ္တပိုကြီးလေ ပိုကြောက်ဖို့ကောင်းလေ...
အရင်ကဆို ကိုယ့်ကိုပြောသမျှ လျစ်လျူရှူနိုင်ခဲ့သမျှ အခုမှ ဘာလို့ လိုက်ပြီးခံစားနေရတာလဲ
(အားတင်းထားပါ ant ရေ.... ခုမှ လောကကြီးအကြောင်းက စလုံးရေ စပဲရှိပါသေးတယ်ကွယ်)